Latest Apps and Games
thumbnail

How to Embed Zawgyi Font in Facebook Instant Articles


Read More...

Instant Articles တင်တဲ့သူတွေအတွက်အခုလောလောဆယ်အတော်ခေါင်းစားရတဲ့ ပြဿနာတစ်ခုပါ။
ယခင်ပုံစံအတိုင်းကျနော်တို့ website တွေမှာတင်ပြီးလင့်ပြန်ချပေးတာကျတော့ User ကကျနော်တို့ရဲ့ Site ထဲသွားဖတ်ရတဲ့အတွက်
ကျနော်တို့ site ထဲမှာသူတို့ဘာဖောင့်သုံးသုံး မြန်မာဖောင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမှန်ဖတ်ရူ့နိုင်အောင် Font Embed လုပ်ထားပေးလို့ရပါတယ်။
အခုဒီ Facebook Instant Articles မှာကျတော့ Facebook Platform ပေါ်မှာပဲ
တိုက်ရိုက်အလုပ်လုပ်တဲ့အတွက်
ကျနော်တို့အတွက် Custom Font တွေ Embed လုပ်ခွင့်မပေးထားပါဘူး။
Instant က HTML5 ကိုအသုံးပြုထားတာမှန်ပေမယ့်
CSS ကုဒ်တွေထည့်သွင်းရေးသားခွင့်မပေးပါဘူး။ (ထည့်ရင်လည်းအလုပ်မလုပ်ဘူး --_-- )

ဒီနည်းကိုကျနော်ရှာနေတာ ၁၀ ကျော်ကျော်ရှိသွားပါပြီ အချို့ပေ့စ်တွေမှာ
User ရဲ့ဖုန်းကမြန်မာစာကိုအပေါ်ကပြောသလိုသုံးထားပေမယ့်လည်း
မှန်နေတာတွေ့တော့ ဒါ Embed လုပ်ထားတာသေချာတယ်ဆိုပြီးသွားမေးပါသေးတယ် :3
တစ်ယောက်မှစာမပြန်လာပါဘူး။
အဲ့တော့ထုံးစံအတိုင်း Googling တော့လည်းမတွေ့ပါဘူး 😂
တခုသွားတွေတာက Github မှာရှိတဲ့ Instant Articles Project မှာ Issues အနေနဲ့ webcrazy ဆိုတဲ့
Bro တစ်ယောက်က How to embed custom localized font?  ဆိုတဲ့ခေါင်းစဉ်နဲ့မေးထားတာလေးတွေ့လို့ကျနော်လည်းသွားယောင်ကြည့်တာ :P
ဒီမနက်ကျမှအဲ့ Bro က Reply ပြန်လုပ်လာပါတယ်။
Instant Articles ပို့စ်တွေအတွက် Style ထဲမှာကိုယ်သုံးမယ့်ဖောင့်ကို Helvetica Neue ဖောင့်ကိုရွေးပေးပါတဲ့။
သူကဇော်ဂျီဖောင့်အတွက် Rendering မှန်တယ်တဲ့။
အာနဲ့ကျနော်လည်းစမ်းလိုက်တာလုံးဝအဆင်ပြေသွားတာတွေ့လိုက်ရပါတယ် :P
အာ့ကြောင့်ဒီပို့စ်လေးနဲ့အားလုံးသိအောင်ပြန်မျှဝေပေးလိုက်တာပါ။


ကျနော်ကလုံးဝမလုပ်တတ်တဲ့သူတွေအတွက်အဓိကရည်ရွယ်တာမို့
ပုံလေးတွေနဲ့ထပ်ရှင်းပါစေ -_-
လုပ်တတ်တဲ့သူတွေကတော့ ဒီလောက်နဲ့နားလည်ပြီထင်ပါတယ်။
မလုပ်တတ်သေးတဲ့သူတွေအောက်မှာပုံကိုကြည့်လုပ်လိုက်ပါ :D




ဟုတ်ကဲ့ဒါဆိုရပါပြီ။
User ကဘာဖောင့်သုံးသုံး မြန်မာစာမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ
သင်တင်သမျှအားလုံးဖတ်နိုင်ပါပြီ 😀
ခွန်ထက်နိုင် (27/5/2017)
thumbnail

Facebook မှာခေတ်စားနေတဲ့ စာလုံးအထူအမဲအပျောက်ရေးခြင်း နှင့် ဇောက်ထိုးပြောင်းပြန်ရေးနည်း


Read More...

လက်ရှိ Facebook မှာခေတ်စားနေတဲ့ "#" မခံပဲစာလုံးအထူအမဲရေးခြင်း၊ Comment/Post အပျောက်ရေးခြင်းမန့်ခြင်း၊ စာလုံးများပြောင်းပြန်ဇောက်ထိုးရေးခြင်းများကို MM Text Tool နဲ့အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ ဖိုင်ဆိုဒ်ကလည်းပေါ့ပေါပါးပါး 2MB လေးပဲရှိပါတယ်။ အရင်ဗားရှင်းကအဆင်မပြေတာလေးတွေရှိလို့ အခုဗားရှင်းအသစ်နဲ့တင်ပေးလိုက်ပါတယ်။ Comment အပျောက်ရေးချင်တာတို့ Status အပျောက်တင်ချင်တာတို့အားလုံး ဒီကောင်လေးနဲ့ လုပ်နိုင်ပါတယ်။ သူများတွေလို "#" မခံပဲစာလုံးထူထူမဲမဲလေးရေးချင်သူများအတွက်လည်း အဆင်ပြေနိုင်ပါတယ်။ စာလုံးတွေကိုဇောက်ထိုးရေးချင်လား၊ မှန်စာရေးချင်လား၊ ဘယ်ညာ Flip ပုံစံတွေရေးချင်လား ဒီကောင်လေးတစ်ခုတည်းနဲ့အကုန်ရနိုင်ပါပြီ ;)
 
 
 
အသုံးပြုနည်း ========== အသုံးပြုနည်းကတော့အရမ်းလွယ်ကူရိုးရှင်းလှပါတယ်။ ပထမဦးဆုံး App ကို ဒေါင်းပြီး Install လုပ်ပြီးတာနဲ့ဖွင့်လိုက်ပါ။ "#" မခံပဲစာလုံးထူထူမဲမဲလေးရေးချင်ရင်တော့ "စာလုံးအထူအမဲ" ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့စာရိုက်ထည့်ရမယ့်ကွက်လပ်ထဲမှာ မိမိရေးချင်တဲ့စာသားကိုရေးထည့်ပါ၊ ဒါမှမဟုတ် Copy ကူးလာပြီး Paste လာချလိုက်ပါ။ ပြီးရင်တော့ညာဘက်အပေါ်ဒေါင့်က Copy ပုံခလုတ်လေးကိုနှိပ်လိုက်တာနဲ့ရပါပြီ။ Facebook ပေါ်က Status မှာပြန်တင်မလား၊ Comment မှာလိုက်ရေးမလား ကြိုက်တဲ့နေရာမှာ Paste ချပြီး Post နိုင်ပါတယ်။ စာလုံးအပျောက်ရေးချင်ရင်တော့ "စာလုံးအပျောက်" ကိုနှိပ်ပါ။ ပြီးရင်တော့အထဲက "Copy ကူးယူမည်" ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရပါပြီ Facebook ပေါ်က Status,Comment,Message ကြိုက်တဲ့နေရာမှာ Paste ချပြီး Post နိုင်ပါတယ်။ စာလုံးတွေကိုဘယ်ညာ၊ပြောင်းပြန်၊ ဇောက်ထိုးရေးချင်သူများကတော့ "စာလုံးပြောင်းပြန်" ဆိုတဲ့ထဲကိုဝင်ပါ။ Enter Your Text Here ဆိုတဲ့ကွက်လပ်ထဲကို ကိုယ်ရေးချင်တဲ့စာကိုရေး/Paste ထည့်လိုက်ပါက အောက်မှာစာလုံးစတိုင် (၄) မျိုးနဲ့ပြပေးပါလိမ့်မယ်။ အဲ့ဒီထဲကကိုယ်ကြိုက်တဲ့စတိုင်ကို Select မှတ်ပြီး Copy ယူကာ ကြိုက်တဲ့နေရာမှာ Paste ချပြီး Post နိုင်ပါတယ်။ အခြားလိုအပ်တဲ့လုပ်ဆောင်ချက်အသစ်အဆန်းတွေကိုလည်း ထည့်သွင်းရေးသား Update လုပ်ပေးသွားပါဦးမည် ;)
Screenshots
===========
thumbnail

စာတစ်ခုကို အကြိမ်များစွာပွားပေးနိုင်တဲ့ MM Text Cloner App


Read More...


"ငါနင့်ကိုချစ်တယ်" ဆိုတဲ့စာတစ်ကြောင်းကို အကြောင်း ၁၀၀ လောက်ပွားပြီး
ကိုယ့်ချစ်သူဆီကိုပို့ချင်တာပဲဖြစ်ဖြစ် တခြားဘယ်စာလုံးကိုမဆို
မိမိတို့လိုအပ်သလောက်အများကြီးပွားပေးနိုင်ပါတယ်။
လက်ရှိ Facebook မှာ Hot ဖြစ်နေတဲ့ ကွန်မန့်အရှည်ကြီးတွေပေးတာတို့
ဒီကောင်လေးနဲ့ပွားယူလို့ရပါတယ်။
ဥပမာ။   ။ငါနင့်ကိုချစ်တဲ့ ဆိုတဲ့စာကြောင်းကို အကြိမ် ၁၀၀ လောက်ပွားပြီး
တစ်ယောက်ယောက်ဆီကိုပို့ချင်တာပဲဖြစ်ဖြစ်
တင်ချင်တာပဲဖြစ်ဖြစ် အခါ ၁၀၀ လောက်လက်တမ်းချရေးမလား ဒါမှမဟုတ်အဲ့ဒီစာကြောင်းကို
Copy ယူပြီး အကြိမ် ၁၀၀ လောက် Paste ပြန်လုပ်မလား ဒီနည်းပဲရှိပါတယ်။
အခုဒီ App လေးနဲ့ဆိုရင်ကိုယ်လိုချင်သလောက် အကြောင်း ၁၀၀ ဆို 100 လို့ရိုက်ထည့်ပြီး
တစ်ချက်နှိပ်လိုက်ရုံနဲ့ စာကြောင်းတစ်ကြောင်းကို ၁၀၀ တိတိပွားပြီးထုတ်ပြလာပေးမှာပါ။
၁၀၀ မှမကပါဘူး ၂၀၀၊ ၃၀၀၊ ၄၀၀ မိမိလိုအပ်သလောက်ပွားထုတ်ခိုင်းလို့ရပါတယ် ;)

ကိုယ့်ချစ်သူဆီကို စာတစ်ကြောင်းတည်း အကြိမ်ပေါင်းများစွာပို့မလား၊
သူငယ်ချင်းတွေရဲ့ပို့စ်အောက်မှာ
စာတစ်ကြောင်းတည်း အကြိမ်များစွာပွားပြီးမန့်မလား၊ ပို့မလား :P
မိမိလိုအပ်သလိုအသုံးချကြပေါ့နော် ;)

Play Store ကနေဒေါင်းဖို့အဆင်ပြေသူများကတော Play Store ကနေဒေါင်းပြီး
ကြယ်ငါးလုံးပေးပြီး Review လေးတွေရေးပေးခဲ့ကြပါဦးနော် :D
Play Store ကနေဒေါင်းဖို့အဆင်မပြေသူများကတော့ Download APK ကိုနှိပ်ပြီး
တိုက်ရိုက်ဒေါင်းယူနိုင်ပါတယ်။



အသုံးပြုနည်း
==========
အသုံးပြုနည်းကလည်းလွယ်ပါ။
App ကိုစဖွင့်လိုက်တာနဲ့ "ဒီမှာစာသားထည့်ပါ။" ဆိုတဲ့ကွက်လပ်ထဲကိုမိမိတို့ပွားချင်တဲ့စာကို
ရေးထည့်တာပဲဖြစ်ဖြစ် Paste လာချတာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။
ပြီးရင်တော့ ဒုတိယကွက်လပ်ထဲက "အကြိမ်ရေ" ဆိုတဲ့ကွက်လပ်ထဲမှာတော့
မိမိတို့ပွားချင်တဲ့စာကြောင်းအရေအတွက်ကိုရိုက်ထည့်ပါ။
တကယ်လို 100 လို့ရိုက်ထည့်ရင်တော့ အပေါ်ကထည့်လိုက်တဲ့စာကို အကြောင်း ၁၀၀ တိတိထုတ်ပြလာပေးမှာပါ။
၂၀၀ ဆိုရင်လည်း ၂၀၀ ပေါ့နော် ;)
သေချာပြီရင်တော့ "Clone Text" ဆိုတဲ့ခလုတ်လေးသာနှိပ်ပေးလိုက်ပါ။
နောက်စာမျက်နှာမှာ စာလုံးတွေပွားပြီးသားဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။
အဲ့ဒီစာကို Copy ကူးချင်ရင်တော့ "Copy" ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး ကြိုက်တဲ့နေရာမှာ Paste ချကာအသုံးပြုနိုင်ပါတယ်။
ဒါမှမဟုတ်အဲ့ကနေ Messenger တို့ Facebook တို့ကိုတိုက်ရိုက်ပို့ချင်ရင်လည်း "Send" ကိုနှိပ်ပြီးတိုက်ရိုက်ပို့နိုင်ပါတယ် :)
#MMTextCloner

Developed By : Myanmar Android App
Website : http://www.MyanmarAndroidApp.com
Facebook Page : https://www.facebook.com/MmFreeAndroidApps/








thumbnail

ငွေကုန်သက်သာစေတဲ့ အင်တာနက်သုံးနည်း


Read More...

အင်တာနက်သုံးတဲ့အခါ ငွေကုန်မြန်တဲ့သူတွေအတွက် မလိုအပ်ပဲ ပိုက်ဆံ ဖြတ်မခံရစေဖို့ နည်းလမ်းတွေ ပြောပြပေးသွားပါ့မယ်။

၁.  အဆင်ပြေမယ့် Internet Package တခုခု  ဝယ်သုံးပါ။

– facebook နဲ့ အသုံးများတဲ့သူတွေအတွက် ကတော့ ဘယ်လို  Package မဆိုအဆင်ပြေစေပြီး အလုပ်ကိစ္စ များနဲ့ ဖုန်းကြာကြာ ပြောရမယ့်သူတွေကတော့ MPT ရဲ့ Daily Unlimited Voice Pack ဖြစ်တဲ့ *399# ကို ခေါ်ဆိုပြီး တစ်ရက်စာကို ၃၉၉ကျပ် နဲ့ရယူလိုက်ပါ။

– Viber Free အသုံးပြုချင်တဲ့သူတွေကတော့ Telenor ရဲ့ Seik Kyite Data Plan ကို ရယူနိုင်ပါတယ်။

– အားကစားသတင်း အနုပညာသတင်းကို အခမဲ့ ဖတ်ချင်တယ်ဆိုရင်တော့ Ooredoo ရဲ့ အင်တာနက် Package ကို ဝယ်ပြီး Thadin Application ကို Download ရယူလိုက်ပါ။

၂. အိမ်မှာ Wi-fi ရှိရင် Connect လုပ်ပြီး အမြဲ On ထားပါ။ အိမ်ရောက်တဲ့အခါ Auto Connect ဖြစ်တော့ အဆင်ပြေစေမှာပါ

၃. Android Application မှန်သမျှကို ဖုန်း က Auto Update လုပ်နေတယ်ဆိုရင်တော့ Setting > Auto Update Application ကိုပိတ်ထားပါ။ တခြား ဖုန်း Application တွေကို ပါ update လုပ်နေတယ်ဆိုရင်တော့ Setting > Security > Unknown Sources ကို On ထားပါ။

၄. Youtube မှာ Video ကြည့်ရင် ငွေပိုဖြတ်တာကြောင့်  Facebook က အခမဲ့ ကြည့်လို့ရတဲ့ Entertainment Page တွေLike လုပ်

၅. ဖုန်းမှာ GPS ကို ပိတ်ထားပေးပါ။ GPS ဖွင့်ထားရင်လည်း ပိုက်ဆံ ဖြတ်တတ်ပါတယ်။

၆. ဖုန်းမှာ Email ဖွင့်တဲ့အခါ နာရီဝက် တခါ Update မတက်စေချင်ရင် Setting မှာ Manual Update လုပ်ထားပါ။

၇. ဖုန်း Wifi နဲ့ ကွန်ပျူတာသုံးပြီး Website တွေ ကြည့်တဲ့အခါ ငွေပိုဖြတ်တတ်တာကြောင့် သိချင်တဲ့ အကြောင်းအရာရှာတဲ့  Website ကိုMobile Version နဲ့ ကြည့်တာပိုသက်သာပါတယ်။

၈. အင်တာနက် သုံးပြီးတဲ့ အခါ ပိတ်ဖို့မေ့တတ်ရင်တော့ Setting > Data Usage မှာ Limit လုပ်ထားပါ။

Data Usage ရှာနည်းကို မသိတဲ့ သူတွေ အတွက် ဖော်ပြပေးထားပါတယ်။

Huawei –  Setting > Data Traffic Management

MI – Setting > Security > Data Usage

OnePlus – Setting > Wireless & Networks > Data Usage တို့ဖြစ်ပြီး ဒါကတော့ မတူတဲ့ ဖုန်း အမျိုးအစားတွေ မှာ မြင်ရတဲ့ပုံစံ တွေပဲဖြစ်ပါတယ်။

Credit > Akhayar
thumbnail

လင့်အရှည်ကြီးတွေကို တိုတိုလေးဖြစ်အောင်လုပ်ပေးနိုင်တဲ့ Myanmar URL Shortener APK


Read More...

အရမ်းရှည်လွန်းတဲ့လင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ်လူမသိစေချင်မမြင်စေချင်တဲ့လင့်တစ်ခုကို
တိုသွားအောင်လုပ်ပေးနိုင်တဲ့ URL Shortener လေးပါ။
အသုံးဝင်တာတွေကတော့အများကြီးပါ၊ အထူးသဖြင့်လင့်တွေဘာတွေမျှဝေတတ်တဲ့သူများအတွက်အထူးလိုအပ်ပါတယ်။
လင့်တစ်ခုကိုဒီတိုင်းမျှဝေမယ်ဆို အရမ်းရှည်နေတတ်ပါတယ်။
ဒီတော့ဒီကောင်လေးနဲ့ Short လိုက်ပြီးသူများတွေကိုမျှဝေပေးတာကပိုကောင်းပါတယ်။
တခြား Facebook မှာလင့်တွေဘာတွေယူတဲ့အခါပိုဆိုးပါတယ်။
Facebook ကလင့်တွေကအရမ်းရှည်ပါတယ်။
သူများဆီကိုပို့တဲ့အခါအရမ်းရှည်နေတော့ ကြည့်ရတာမရှင်းပါဘူး။
အဲ့လိုနေရာမှာဒီကောင်လေးကအသုံးဝင်မှာပါ။
အခြား Blogger တွေလည်းလိုအပ်မှာပါ ;)
ကိုယ်လိုအပ်တဲ့နေရာအားလုံးအသုံးချကြပေါ့နော် :D

ဖိုင်ဆိုဒ်ကလည်း 1MB လေးပဲရှိပါတယ် ;)
Play Store အဆင်ပြေသူများ Play Store ကနေဒေါင်းပြီး



Developed By : Myanmar Android App
#MyanmarAndroidApp #MyanmarURLShortener

Screenshots
=========






thumbnail

Facebook က သင့်ကို Lock ချရသည့်အကြောင်းအရင်းများ


Read More...

- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ ့ လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို ့က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ ့ IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ဒီတော့ Security Question တွေဆက်တိုက်ဖြေရတော့မှာပေါ့။ဒါတောင် ရက်တွက်ပြီးစောင့်ရပါသေးတယ်။

အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။သို့သော် အပေါ်ကဟာလေးတွေလောက်သိရင် လုံလောက်ပါတယ်။တကယ့် အီးမေးလ်အသုံးမပြုတာတို့၊Browser တစ်ခုထဲမှာပဲ ဒီအကောင့်ချက်ချင်းထွက် နောက်အကောင့်တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ်တတ်ပါတယ်။ ဒီလောက်ဆိုတော်ပါပြီ။

Credit>>>Original Author
thumbnail

Facebook မှာ အချိန်သတ်မှတ်ပြီး Post တင်နည်း


Read More...

​ဖေ့စ်​ဘုတ်​စ်​ ​စာမျက်​နှာ​​ပေါ်သို့ စာများ ကဗျာ များ ​တင်​​နေကြသူများအား
ယခု Hootsuite မိုဘိုင်​း App ဖြင်​့ မိမိ တင်​ချင်​တဲ့ post များ မိမိ ကြိုက်​ရာ အချိန်​ နှင်​့ ရက်​အကန်​့အသက်​ ထား၍ စာများ ကဗျာများ ဓာတ်​ပုံ များကို ​အဆိုပါ HootSuite App ဖြင့် facebook status စာမျက်​နှာ ​ပေါ်သို့ မိမိမှ​နေ၍ မိမိ ကြိုက်​ရာ​နေ့ရက်​ ိှငိ့ အချိန်​ကို​ရွေးချယ်​ပြီး လျှင်​ အဲ့​နေ့ရက်​ ​ရောက်​ပါက
Facebook News Feed ​ပေါ်သို့ ​အော်​တို ​ရောက်​ရှိသွားမည်​့ သ​ဘောဖြစ်​သည်​။
အသုံးပြုနည်​း အားပုံနှင်​့တကွ​လေ့လာ၍ ​ဆော့ဝဲလ်​အား ရယူပါ။








Credit > Ar Kar
thumbnail

Instant Articles မှာစာမမှန်ရင်ဘယ်လိုလုပ်မလဲ ??


Read More...

မနက်က Instant Articles အကြောင်းလေးကြော်ငြာလိုက်တော့
တချို့ကစာတွေဖတ်လို့မရဘူးလို့ဆိုလာပါတယ်။
တချို့ကတော့အဆင်ပြေတယ်ကြားရတော့ဝမ်းသာပါတယ်။
စာဖတ်လို့မရဘူးပြောတဲ့သူတွေကတော့ ကိုယ့်ဖုန်းမှာမြန်မာစာ ၁၀၀% မမှန်လို့ပါ။
အဲ့အတွက်ဘယ်လိုလုပ်မလဲဆိုတော့ အောက်ပါပုံအတိုင်းဖတ်လက်စ Instant ပို့စ်တစ်ခုရဲ့ညာဘက်အပေါ်ဒေါင့်မှာ Share ဆိုတာလေးပါပါတယ်။
အဲ့ကောင်လေးကိုနှိပ်လိုက်ပါ။
ပြီးရင် Open in Browser ဆိုတာလေးကိုရွေးပြီး Browser ကနေဝင်ဖတ်လိုက်ပါ။
ကျနော်တို့ Blog ကမြန်မာစာရှိသည်ဖြစ်စေ မရှိသည်စေ မှန်သည်ဖြစ်စေမမှန်သည်ဖြစ်စေ အားလုံးဖတ်လို့ရအောင်လုပ်ဆောင်ပေးထားပါတယ် :D
ဒါကြောင့် Instant Articles မှာစာမမှန်ရင်အခုလိုမျိုးဖြေရှင်းနိုင်ပါတယ် ;)




thumbnail

Facebook Instant Articles ဆိုတာဘာလဲ ?


Read More...

Facebook မှာအခုနောက်သတင်းမီဒီယာတွေနဲ့ Page တော်တော်များများမှာအသုံးပြုလာကြတဲ့
Instant Articles အကြောင်းကိုနည်းနည်းပြောပြချင်ပါတယ်။
အများကြီးမဟုတ်ပေမယ့်ကျနော်တို့ပေ့စ်မှာလည်း Instant Articles ကိုအသုံးပြုတော့မှာဖြစ်တဲ့အတွက်
စာဖတ်သူအများစုသိထားရအောင်ပြောပြချင်တာပါ။
သာမန်အားဖြင့် Website တော်တော်များများဟာ Post တွေကိုသူတို့ရဲ့ Site မှာတင်ပြီး
Facebook ကဆိုင်ရာနေရာလေးတွေမှာပြန်လည် Share လာတတ်ကြပါတယ်။
အဲ့ဒီမှာပြဿနာကစတက်ပါပြီ စာဖတ်သူတွေကခေါင်းစဉ်နဲ့စာသားအနည်းငယ်ကိုသာဖတ်ရူ့ရပြီး
အပြည့်အစုံကိုဖတ်ရူ့လိုပါကသူတို့ပေးထားတဲ့လင့်ကိုဝင်ပြီးဖတ်ရူ့ရပါတယ်။
အဲ့ဒီမှာလိုင်းကောင်းတဲ့ဒေသမှာနေထိုင်သူများအတွက်ပြဿနာမဟုတ်ပေမယ့် လိုင်းမကောင်းတဲ့နေရာမှာနေထိုင်သူများအဖို့ကတော့
အင်မတန်ဒုက္ခရောက်ပါတယ်။
သူတို့ပေးတဲ့လင့်ကိုဝင်ပြီး Browser မှာ Loading အကြာကြီးစောင့်ရတယ်။(လိုင်းကောင်းရင်ကောင်းသလိုပေါ့)
Facebook ပေါ်မှာပဲအပြည့်အစုံတင်မယ်ဆိုရင်လည်းမဖြစ်နိုင်တဲ့အကြောင်းလေးတွေရှိပါသေးတယ်။
ကျနော်တို့ပေ့စ်မှာတော့တတ်နိုင်သမျှအကုန်လုံးပြည့်ပြည့်စုံစုံတင်ပေးပါတယ်။
တခြား Admin တွေကမတင်ရင်တောင် ကျနော်(Khun Htetz Naing) ကတော့အပြည့်အစုံတင်ပေးပါတယ်။
ဒေါင်းဖို့လိုအပ်တဲ့ App တွေ၊ ဆော့ဝဲတွေမှသာလင့်ညွှန်းတတ်တာ စာဖတ်သူများအားလုံးအသိပါ။
ပုံနဲ့တွဲပြီးရှင်းပြရတဲ့ပို့စ်တွေကိုကျတော့လည်းကျနော်တို့ Facebook ပေါ်မှာစာတခြား ပုံတခြားဖြစ်သွားတတ်ပါတယ်။
နောက်ပြီးလိုင်းမကောင်းရင်လည်းပုံတစ်ပုံပေါ်ဖို့ကမလွယ်သေးပါ။
အဲ့ဒီပြဿနာတွေအားလုံးကိုဖြေရှင်းပေးဖို့ အခုပြောတဲ့ Instant Articles ကိုသုံးလိုက်ပါတယ်။
အားသာချက်ကတော့ Instant ပို့စ်တစ်ခုကိုဖွင့်လိုက်တာနဲ့ Website ကိုခေါ်မသွားတော့ပါ။
မြန်မြန်ဆန်ဆန်နဲ့ စာတွေပုံတွေချက်ချင်းတန်းမြင်ရပါလိမ့်မယ်။
နောက်ပြီးတော့စာနဲ့ပုံနဲ့တွဲရှင်းပြထားတာလေးတွေကို Website မှာသွားရောက်ဖတ်ရူ့ရသလို
အစီစဉ်တကျရှိနေတဲ့အတွက် နားမလည်တဲ့စာဖတ်သူများအတွက် အထောက်အကူပြုစေနိုင်ပါတယ်။
Instant Articles ပို့စ်မှန်းဘယ်လိုသိနိုင်မလဲဆိုတော့ အောက်ပါပုံအတိုင်း ဘယ်ဘက်အောက်နားလေးမှာ
မိုးကြိုးသွားပုံလေးပါနေရင် Instant Articles ပို့စ်ပါ။
ကိုယ်တိုင်သာအောက်မှာဖွင့်ကြည့်ပြီး ဘယ်လောက်အဆင်ပြေလဲဆိုတာ ခံစားကြည့်လိုက်ပါ။
ဒီပို့စ်ကတော့ကျနော်လင့်တွေပဲလာတင်တယ်ဆိုပြီး စာဖတ်သူတွေမသိမှာစိုးလို့ လာပြောပြတဲ့အနေနဲ့တင်ကြည့်တာပါ ;)
အဆင်ပြေတယ်မပြေဘူးဆိုတာ အောက်မှာ Comment ပေးခဲ့ကြပါ။
အဆင်မပြေရင်တော့အရင်အတိုင်းပဲပြန်တင်ပေးပါမယ် :D
တခြား Admin တွေကတော့ဘယ်လိုတင်ကြမလဲမသိပါဘူး။
ကျနော်ကတော့အခုလိုမျိုး Instant Articles နဲ့တင်သွားဖို့စိတ်ကူးထားပါတယ်။
ကျနော်တင်တဲ့ပို့စ်တွေဆို #KhunHtetzNaing ဆိုတဲ့ Hashtag လေးပါပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ် :D
#MyanmarAndroidApp #TaKhon